သမီးေလးအေၾကာင္း ေျပာျပတဲ႔ အဆိုေတာ္ ဥာဏ္လင္းေအာင္

Advertisement

အေျဖကိုသိဖို႔ ပံုကိုႏွိပ္ပါ

သီခ်င္းေအးေအးေလးေတြသီဆိုေလ့ရွိတဲ့ အဆိုေတာ္ဉာဏ္လင္းေအာင္ဟာ ခ်စ္ရတဲ့ သူ ခ်မ္းခ်မ္းပိုင္ နဲ႔ ခ်စ္သူသက္တမ္း ၄ႏွစ္ေက်ာ္ အိမ္ေထာင္သက္တမ္းကေတာ့ ၂ႏွစ္ေလာက္႐ွိၿပီလို႔ သိရပါတယ္။ လက္ရွိမွာေတာ့ ခ်စ္စရာေကာင္းတဲ့ သမီးေလးကို ရရွိပိုင္ဆိုင္ထားပါတယ္။ သမီးေလးက ယခုအခါမွာေတာ့ ၆လ သမီးအ႐ြယ္ျဖစ္ေနၿပီလို႔ သိရပါတယ္။

သမီးေလးရဲ႕နာမည္က သြန္းလင္းရတီပါ ကြၽန္ေတာ္နာမည္ လင္းပါၿပီး ေသာၾကာသမီးပါ။ သမီးေလးကို ၂၀၁၉ ေဖေဖာ္ဝါရီ ၂၂တုန္းက ေမြးတာပါ။ ကြၽန္ေတာ္အမ်ဳိးထဲမွာ ဆိုရင္ ကြၽန္ေတာ္ကလည္း တစ္ဦးတည္းေသာသား ညီကိုဝမ္းကြဲေတြအကုန္လံုးကလည္း တစ္ဦးတည္းေသာသားေတြ ဆိုေတာ့ ကြၽန္ေတာ္ကစၿပီး မ်ိဳး႐ိုးထဲမွာ မိန္းကေလးစေမြးတာပါ။ အစထဲကလည္း သမီးမိန္းကေလးလိုခ်င္ခဲ့တာဆိုေတာ့ ဆုေတာင္းျပည့္တာေပါ့ေနာ္။

ေမြးခါနီးတုန္းကလည္း ဘယ္လိုပံုစံ႐ွိမယ္ဆိုၿပီး ပံုေဖာ္မထားဘူးေလ။ ေမြးလာေတာ့ ဒီလိုေလး ခ်စ္ဖို႔ေကာင္းမယ္လို႔လည္း မေတြးထားဘူး အရမ္းခ်စ္ပါတယ္။ သမီးေလးက ဗိုက္ထဲကထြက္လာထဲက မ်က္လံုးဖြင့္ၿပီး ထြက္လာတာပါ။ ကိုယ္တိုင္ကိုယ္က် အေဖေနရာကို ေရာက္လာေတာ့ ကိုယ့္ရဲ႕မိဘေတြကို ကိုယ္ခ်င္းစာတတ္လာတယ္ စိတ္ပိုင္းဆိုင္ရာေတြလည္း အမ်ားႀကီးေျပာင္းလဲသြားပါတယ္။

သမီးေလးရဲ႕အနာဂတ္အတြက္ကို စိတ္ကူးယဥ္ထားေတြေတာ့ အမ်ားႀကီး႐ွိပါတယ္။ အဓိကက သူ႔ကို လမ္းေၾကာင္းမွန္ကို ေလ်ွာက္လွမ္းႏိုင္ေအာင္ သင္ၾကားျပသေပးရမွာေပါ့။ သမီးေလးက အခုမွ ေျခာက္လေက်ာ္ဆိုေတာ့ စထိုင္တတ္ခါစပဲ႐ွိေသးပါတယ္။ စကားကေတာ့ ေလ်ွာက္ေျပာေနတာ ဘာေတြေျပာမွန္းကိုမသိဘူး။ ကေလးက ကြၽန္ေတာ္ငယ္ငယ္တုန္းပံုစံ ပါးေဖာင္းတာတို႔ မ်က္လံုးတို႔နဲ႔ တစ္ပံုစံထဲလို႔ အေမကေျပာတယ္

 

အလုပ္မ႐ွိရင္ေတာ့ အိမ္မွာပဲ သမီးေလးနဲ႔ အေနမ်ားပါတယ္။ သူနဲ႔ပဲ အခ်ိန္ျပည့္ေနေနတာဆိုေတာ့ အျပင္ေတြဘာေတြလည္း မသြားျဖစ္ေတာ့ဘူး။ သမီးေလးကို အခုခ်ိန္မွ ခ်ျပတာက အိမ္ေၾကာင့္လည္းပါပါတယ္။အစတုန္းက သမီးေလး ၁ႏွစ္ျပည့္ေလာက္မွ ပရိတ္သတ္ေတြကို ခ်ျပဖို႔အတြက္ စဥ္းစားထားတာပါ။ ေမေမတို႔ကလည္း ေျမးဦးလည္းျဖစ္ၿပီး မိန္းကေလးလည္းျဖစ္ေတာ့ ၆လထိ ဘယ္မွေပးမထြက္ခိုင္းဘူး။ အခုေတာင္ ၆လနည္းနည္းေက်ာ္လာေတာ့ ပရိတ္သတ္ေတြလည္း အရမ္းႀကီးမစိမ္းသြားေအာင္ အခုခ်ိန္မွ ခ်ျပရတာျဖစ္ပါတယ္။ သမီးေလးကိုလည္း အမ်ားႀကီးခ်စ္ေပးၾကပါလို႔ ေျပာခ်င္ပါတယ္။

ေနာက္ထပ္ကေလးယူဖို႔ကေတာ့ ေလာေလာဆယ္ မစဥ္းထားေသးပါဘူး။ သမီးေလးကလည္း အခုမွ ၆လေက်ာ္ အရမ္းငယ္ေသးတယ္ေလ။ သူ႔ကိုခ်စ္လို႔လည္း မဝေသးဘူး ၿပီးေတာ့ သူနဲ႔ပဲ ေတာ္ေတာ္ၾကာေနျဖစ္အံုးမွာပါ။ ကြၽန္ေတာ္ ေနာက္ပိုင္းက်ရင္ သီခ်င္းေတြလုပ္ဖို႔လည္း ႐ွိပါတယ္။ သီခ်င္းေတြထြက္လာရင္လည္း အရင္လိုအားေပးၾကဖို႔ ေျပာခ်င္ပါတယ္။ လို႔ ေျပာၾကားသြားခဲ့ပါတယ္ ။

Unicode

သီချင်းအေးအေးလေးတွေသီဆိုလေ့ရှိတဲ့ အဆိုတော်ဉာဏ်လင်းအောင်ဟာ ချစ်ရတဲ့ သူ ချမ်းချမ်းပိုင် နဲ့ ချစ်သူသက်တမ်း ၄နှစ်ကျော် အိမ်ထောင်သက်တမ်းကတော့ ၂နှစ်လောက်ရှိပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ ချစ်စရာကောင်းတဲ့ သမီးလေးကို ရရှိပိုင်ဆိုင်ထားပါတယ်။ သမီးလေးက ယခုအခါမှာတော့ ၆လ သမီးအရွယ်ဖြစ်နေပြီလို့ သိရပါတယ်။

Read >>  ဇာတ္ေကာင္အတြက္ခႏၶာကိုယ္အခ်ိဳးအစားကိုလံုးဝေျပာင္းလိုက္တဲ့ေက်ာ္ေက်ာ္ဗိုလ္

ဒီသမီးလေးရဲ့နာမည်က သွန်းလင်းရတီပါ ကျွန်တော်နာမည် လင်းပါပြီး သောကြာသမီးပါ။ သမီးလေးကို ၂၀၁၉ ဖေဖော်ဝါရီ ၂၂တုန်းက မွေးတာပါ။ ကျွန်တော်အမျိုးထဲမှာ ဆိုရင် ကျွန်တော်ကလည်း တစ်ဦးတည်းသောသား ညီကိုဝမ်းကွဲတွေအကုန်လုံးကလည်း တစ်ဦးတည်းသောသားတွေ ဆိုတော့ ကျွန်တော်ကစပြီး မျိုးရိုးထဲမှာ မိန်းကလေးစမွေးတာပါ။ အစထဲကလည်း သမီးမိန်းကလေးလိုချင်ခဲ့တာဆိုတော့ ဆုတောင်းပြည့်တာပေါ့နော်။

မွေးခါနီးတုန်းကလည်း ဘယ်လိုပုံစံရှိမယ်ဆိုပြီး ပုံဖော်မထားဘူးလေ။ မွေးလာတော့ ဒီလိုလေး ချစ်ဖို့ကောင်းမယ်လို့လည်း မတွေးထားဘူး အရမ်းချစ်ပါတယ်။ သမီးလေးက ဗိုက်ထဲကထွက်လာထဲက မျက်လုံးဖွင့်ပြီး ထွက်လာတာပါ။ ကိုယ်တိုင်ကိုယ်ကျ အဖေနေရာကို ရောက်လာတော့ ကိုယ့်ရဲ့မိဘတွေကို ကိုယ်ချင်းစာတတ်လာတယ် စိတ်ပိုင်းဆိုင်ရာတွေလည်း အများကြီးပြောင်းလဲသွားပါတယ်။

Advertisement
အေျဖကိုသိဖို႔ ပံုကိုႏွိပ္ပါ

သမီးလေးရဲ့အနာဂတ်အတွက်ကို စိတ်ကူးယဉ်ထားတွေတော့ အများကြီးရှိပါတယ်။ အဓိကက သူ့ကို လမ်းကြောင်းမှန်ကို လျှောက်လှမ်းနိုင်အောင် သင်ကြားပြသပေးရမှာပေါ့။ သမီးလေးက အခုမှ ခြောက်လကျော်ဆိုတော့ စထိုင်တတ်ခါစပဲရှိသေးပါတယ်။ စကားကတော့ လျှောက်ပြောနေတာ ဘာတွေပြောမှန်းကိုမသိဘူး။ ကလေးက ကျွန်တော်ငယ်ငယ်တုန်းပုံစံ ပါးဖောင်းတာတို့ မျက်လုံးတို့နဲ့ တစ်ပုံစံထဲလို့ အမေကပြောတယ်။

အလုပ်မရှိရင်တော့ အိမ်မှာပဲ သမီးလေးနဲ့ အနေများပါတယ်။ သူနဲ့ပဲ အချိန်ပြည့်နေနေတာဆိုတော့ အပြင်တွေဘာတွေလည်း မသွားဖြစ်တော့ဘူး။ သမီးလေးကို အခုချိန်မှ ချပြတာက အိမ်ကြောင့်လည်းပါပါတယ်။အစတုန်းက သမီးလေး ၁နှစ်ပြည့်လောက်မှ ပရိတ်သတ်တွေကို ချပြဖို့အတွက် စဉ်းစားထားတာပါ။ မေမေတို့ကလည်း မြေးဦးလည်းဖြစ်ပြီး မိန်းကလေးလည်းဖြစ်တော့ ၆လထိ ဘယ်မှပေးမထွက်ခိုင်းဘူး။ အခုတောင် ၆လနည်းနည်းကျော်လာတော့ ပရိတ်သတ်တွေလည်း အရမ်းကြီးမစိမ်းသွားအောင် အခုချိန်မှ ချပြရတာဖြစ်ပါတယ်။ သမီးလေးကိုလည်း အများကြီးချစ်ပေးကြပါလို့ ပြောချင်ပါတယ်။

Read >>  မိန္းမျဖစ္သူကို ရႈတင္အထိ လိုက္ေစာင့္ေရွာက္ေပးေနရတဲ့ ေ႐ႊထူး

နောက်ထပ်ကလေးယူဖို့ကတော့ လောလောဆယ် မစဉ်းထားသေးပါဘူး။ သမီးလေးကလည်း အခုမှ ၆လကျော် အရမ်းငယ်သေးတယ်လေ။ သူ့ကိုချစ်လို့လည်း မဝသေးဘူး ပြီးတော့ သူနဲ့ပဲ တော်တော်ကြာနေဖြစ်အုံးမှာပါ။ ကျွန်တော် နောက်ပိုင်းကျရင် သီချင်းတွေလုပ်ဖို့လည်း ရှိပါတယ်။ သီချင်းတွေထွက်လာရင်လည်း အရင်လိုအားပေးကြဖို့ ပြောချင်ပါတယ်။ လို့ ပြောကြားသွားခဲ့ပါတယ်။

Advertisement

အေျဖကိုသိဖို႔ ပံုကိုႏွိပ္ပါ