လူမဟုတ်တဲ့ ကာရိုက်တာတစ်ခု အတွက်ပြင်ဆင်နေတယ်ဆိုတဲ့ သရုပ်ဆောင် ရဲတိုက်

Advertisement

အဖြေကိုသိဖို့ ပုံကိုနှိပ်ပါ

ရဲတိုက်ဟာဆိုရင် ပရိသတ်တွေမျက်စိရှေ့ကိုပြန်ရောက်လာတာ သိပ်မကြာသေးပေမယ့် ပရိသတ်တွေမျှော်လင့်နေတာနဲ့ထပ်တူကျေနပ်လောက်စရာ ရင်သပ်ရှု့မောစရာအနုပညာတွေကိုပြသနိုင်ခဲ့တဲ့ ဂန္တဝင်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။မကြာသေးမီက ရဲတိုက်မကျန်းမမာဖြစ်နေတယ်ဆိုတဲ့သတင်းတွေကြောင့် ပရိသတ်တော်တော်များများက စိုးရိမ်ခဲ့ကြရပါတယ်။ ရဲတိုက်က မီဒီယာတွေနဲ့အင်တာဗျူးမှာ ပရိသတ်တွေသိချင်နေကြတဲ့ ကျန်းမာရေးအခြေအနေအကြောင်းနဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကိုပြောပြပေးသွားခဲ့ပါတယ်။

ရဲတိုက်က ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကောလဟလတွေထွက်နေခဲ့တဲ့အပေါ် “အမှန်အတိုင်းပြောရရင် နည်းနည်းပါးပါးမကျန်းမာတာလောက်ကို ပုံကြီးချဲ့ပြီး သတင်းလွှင့်တတ်တဲ့ ကျွန်တော့်ဘေးနားမှာ ကပ်လျက်နေတဲ့ ပတ်ဝန်းကျင်တွေနဲ့ဆိုင်ပါတယ်။ ကာယကံရှင်ကိုယ်တိုင်က ကျန်းမာပါတယ်လို့ပြောတာကိုလည်းလက်မခံနိုင်။ သူတို့မှာ ကျန်းမာရေးကောင်းသည်မကောင်းသည်ကို ချက်ချင်းဆုံးဖြတ်နိုင်တဲ့ ဗဟုသုတကလည်း မရှိဆိုတော့ ကျွန်တော်ခဏတဖြုတ်တော့ ပရိသတ်ပါးစပ်ဖျားမှာ လူဆိုးဖြစ်ခဲ့ရပါတယ်”လို့ ပြောပြထားပါတယ်။

 


ကောလဟလအမျိုးမျိုးထွက်နေခဲ့ပေမယ့် နားလည်ပြီးဆက်လက်အားပေးနေတဲ့ ပရိသတ်တွေအကြောင်းလည်း ရဲတိုက်က “ဒီလိုသာမကြုံတွေ့မဖြတ်သန်းရဘူးဆိုရင် ပရိသတ်ကိုယ့်ကိုဘယ်လောက်ချစ်မှန်းတောင်သိမှာမဟုတ်ဘူး။ အခုကြုံတွေ့ဖြတ်သန်းလိုက်ရတဲ့ ကောဟလဟအမျိုးမျိုး ကျော်လွှားဖြတ်သန်းလိုက်ရတဲ့ကိစ္စရပ်အမျိုးမျိုးကိုပရိသတ်တွေက ဘယ်လိုတုံ့ပြန်တယ်ဆိုတာ ကျွန်တော်က မှတ်မိနေမှာပါပဲ။ ပရိသတ်တွေက ကျွန်တော့်ကိုဒီလောက်တန်ဖိုးထားတယ်ဆိုတာ အရင်က တစ်ခါမှမသိဖူးပါဘူး”လို့ ရင်ဖွင့်ထားပါတယ်။

 

လူမဟုတ်တဲ့ကာရိုက်တာအသစ်တစ်မျိုးကိုရိုက်ဖို့ ပြင်ဆင်မှုတွေလုပ်နေတဲ့အကြောင်း “ကျွန်တော်အခု ကာရိုက်တာ construction လုပ်နေပါတယ်။ ကာရိုက်တာအသစ်တစ်ခုကိုကျွန်တော်လက်ခံရရှိပြီးပါပြီ။ ဆာတိုရီက ကျွန်တော့်ကိုအပ်ထားတဲ့ ကာရိုက်တာပါ။ Immortal ပေါ့။လူသွင်ပြင်လက္ခဏာရှိပေမယ့်လည်း လူဇာတိမခံတဲ့၊လူလိုနေထိုင်ကျက်စားပေမယ့်လည်း လူလိုမကျင့်ကြံတဲ့ သတ္တဝါတစ်မျိုးပါ။ ညဘက်ထွက်ဖြစ်တယ်။ကိုယ်တစ်ခါမှမလုပ်သေးတဲ့အမူအရာတွေကိုလုပ်ရဖို့အတွက် တစ်ခါမှမကြုံဖူးသေးတဲ့အဖြစ်အပျက်တွေဖြစ်လာအောင်ဖန်တီးယူပါတယ်။ စွန့်စားပါတယ်”လို့ ပြောပြထားပါတယ်။

 

Unicode

Read >>  လူမှုအကျိုးပြု ပရဟိတ ထူးချွန်ဆု ချီးမြှင့်ခံရတဲ့ အနုပညာရှင် ၄ဦး


 


Advertisement
အဖြေကိုသိဖို့ ပုံကိုနှိပ်ပါ



Advertisement

အဖြေကိုသိဖို့ ပုံကိုနှိပ်ပါ