သိန္း (၁၀၀) ေက်ာ္ အကုန္က်ခံျပီး ဆံပင္စိုက္ခဲ့တယ္ ဆုိတဲ့ Russell

Advertisement

အေျဖကိုသိဖို႔ ပံုကိုႏွိပ္ပါ

အိမ္မက္ဆံုရာ (ရာသက္ပန္) အစီအစဥ္ကေန တက္လွမ္းလာျပီး သရုပ္ေဆာင္ေလာကထဲ ကူးေျပာင္းလာသူက Russell ျဖစ္ပါတယ္။ ဒါရိုက္တာ ထူးပိုင္ေဇာ္ဦး ရိုက္တဲ့ ရုပ္ရွင္ကားေတြမွာ အမ်ားဆံုး ပါဝင္သလို လက္ရွိမွာလည္း MRTV-4 မွာ ထုတ္လႊင့္ျပသမယ့္ အေဆာင္ ရုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ အႏုပညာအလုပ္ေတြ လုပ္ေပမဲ့ နဖူးေျပာင္တဲ့အတြက္ေၾကာင့္ ယံုၾကည္မႈ ေပ်ာက္ခဲ့ရတယ္လို႔ ဆိုပါတယ္။ သူငယ္ခ်င္းေတြက ေျပာင္ၾကီးလို႔ စေနာက္ၾကသလို အႏုပညာမွာ ရုပ္ရွင္ေၾကာင့္ စိတ္မသန္႔တာမ်ိဳး မျဖစ္ေအာင္ ဘန္ေကာက္မွာ ဆံပင္သြားစိုက္ခဲ့ပါတယ္။ အေတြ႕အၾကံဳကိုေတာ့ Russell က ခုလို ေဝမွ်သြားပါတယ္။

“နဖူးက လက္ငါးလံုးေလာက္ က်ယ္ေနတာဆိုေတာ့ ပိုျပီး အလုပ္ေတြလည္း လုပ္ခ်င္တယ္။ နဖူးနဲ႔ ပတ္သက္ျပီး ယံုၾကည္မႈ ေပ်ာက္ေနတာဆိုေတာ့ ဆံပင္စိုက္ဖို႔ ဆံုးျဖတ္လိုက္တယ္။ တကယ္တမ္းလုပ္ေတာ့ operation က ရွစ္နာရီေလာက္ ၾကာတယ္။ အေနာက္က ဆံပင္ပါတဲ့ အသားကို ယူျပီး ျပန္ခ်ဳပ္တယ္။ နဖူးမွာ ဆံပင္ေတြကို တစ္ေမႊးခ်င္းစီ ျပန္စိုက္ေတာ့ operation က ရွစ္နာရီ ကိုးနာရီ ၾကာသြားတယ္ ထင္ပါတယ္။” လို႔ ဆိုပါတယ္။

ဆံပင္သန္ခ်င္သူေတြအတြက္ အေတြ႕အၾကံဳေတြ ေဝမွ်ေပးသြားမယ့္ အေၾကာင္း Russell က ခုလို ရွင္းျပပါတယ္။“ကၽြန္ေတာ္က မရွက္ဘူးေပါ့ေနာ္။ ကၽြန္ေတာ့္လိုပဲ ဆံပင္သန္ခ်င္တဲ့သူေတြ ဆံပင္စိုက္ခ်င္တဲ့သူေတြ လုပ္ခ်င္ၾကမွာပဲဆိုျပီး အခ်င္းခ်င္း လမ္းျပတဲ့ အေနနဲ႔ share ေပးတာပါ။ ေနာက္လည္း Blog ေလးလုပ္ျပီး ေခါင္းဘယ္လိုေလွ်ာ္ရတယ္ စိုက္ထားတဲ့ ဆံပင္ကို ဘယ္လိုသန္႔ရွင္းေရး လုပ္ရတယ္ဆိုတာ ေျပာျပေပးသြားမွာပါ။ ပိုက္ဆံ သိန္း (၁၀၀) ေက်ာ္ေလာက္ ကုန္ထားတာ ဆိုေတာ့ေလ။ ဘန္ေကာက္မွာပါ။ Million Hair Treatment Centre မွာပါ။” ဆိုျပီး ေဆးခန္းနာမည္ကို ေျပာျပေပးသြားပါတယ္။

Read >>  အစြံထုတ္သြားၿပီၿဖစ္တဲ့ သရုပ္ေဆာင္ လူပ်ိဳႀကီး သူထူးစံ

 

 

ဆံပင္စိုက္ျခင္းရဲ႕ side effects ေတြကိုေတာ့ Russell က ခုလို ေျပာျပပါတယ္။“ဆံပင္စိုက္တာက ၁၀၀ ရာခိုင္ႏႈန္း အာမခံခ်က္ ရွိတယ္။ ဒါေပမဲ့ ဆံပင္စိုက္တာေၾကာင့္ ေသာက္ရတဲ့ ေဆးေတြက စိတ္ဓာတ္က်တာတို႔ စိတ္ခံစားမႈ ျပင္းတာတို႔ ျဖစ္တတ္တယ္။ အပူအရမ္းခံလို႔ မရဘူး။ ကိုယ္ထိန္းသိမ္းႏိုင္ရင္ ထိန္းသိမ္းသလို အာမခံခ်က္ ရွိပါတယ္။” လို႔ ဆိုပါတယ္။

ဆႏၵျပင္းျပေနတာေၾကာင့္ ကိစၥအဝဝကို တစ္ေယာက္တည္း စီမံႏိုင္ခဲ့ေၾကာင္း Russell က ခုလို ေျပာျပပါတယ္။“သူငယ္ခ်င္းေတြ ေျပာင္ၾကီး ေျပာင္ၾကီးလို႔ စေနရာကေန အခုေတာ့ ေျပာရဲေတာ့မွာ မဟုတ္ဘူး။ အဓိကကေတာ့ အလုပ္လုပ္ခ်င္လို႔ပါ။ စိတ္သန္႔သန္႔ေလးနဲ႔ အလုပ္လုပ္ခ်င္ပါတယ္။ တစ္ေယာက္တည္း ေလယာဥ္ကိစၥေရာ ဆရာဝန္နဲ႔ စကားေျပာတာေရာ အကုန္လံုး လုပ္ခဲ့တာပါ။ လုပ္ခ်င္စိတ္ ျပင္းျပေနေတာ့ တစ္ေယာက္တည္း အကုန္စီမံျပီး ဟိုမွာ တစ္ပတ္ဆယ္ရက္ေလာက္ ေနခဲ့တာပါ။” ဆိုျပီး ေျဖၾကားေပးသြားခဲ့ပါတယ္။

Unicode

 

အိမ်မက်ဆုံရာ (ရာသက်ပန်) အစီအစဉ်ကနေ တက်လှမ်းလာပြီး သရုပ်ဆောင်လောကထဲ ကူးပြောင်းလာသူက Russell ဖြစ်ပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်တဲ့ ရုပ်ရှင်ကားတွေမှာ အများဆုံး ပါဝင်သလို လက်ရှိမှာလည်း MRTV-4 မှာ ထုတ်လွှင့်ပြသမယ့် အဆောင် ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အနုပညာအလုပ်တွေ လုပ်ပေမဲ့ နဖူးပြောင်တဲ့အတွက်ကြောင့် ယုံကြည်မှု ပျောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူငယ်ချင်းတွေက ပြောင်ကြီးလို့ စနောက်ကြသလို အနုပညာမှာ ရုပ်ရှင်ကြောင့် စိတ်မသန့်တာမျိုး မဖြစ်အောင် ဘန်ကောက်မှာ ဆံပင်သွားစိုက်ခဲ့ပါတယ်။ အတွေ့အကြုံကိုတော့ Russell က ခုလို ဝေမျှသွားပါတယ်။

Read >>  မီ ေၾကာင့္ ရရွိထားတဲ့ ဆရာဝန္ ဘြဲ႕ နဲ႕က်န္းမာေရးသံတမန္ ဘ၀ကို ပုိင္ၿဖဳိးသု စြန္႔လႊတ္ရေတာ့မွာလား

“နဖူးက လက်ငါးလုံးလောက် ကျယ်နေတာဆိုတော့ ပိုပြီး အလုပ်တွေလည်း လုပ်ချင်တယ်။ နဖူးနဲ့ ပတ်သက်ပြီး ယုံကြည်မှု ပျောက်နေတာဆိုတော့ ဆံပင်စိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်တမ်းလုပ်တော့ operation က ရှစ်နာရီလောက် ကြာတယ်။ အနောက်က ဆံပင်ပါတဲ့ အသားကို ယူပြီး ပြန်ချုပ်တယ်။ နဖူးမှာ ဆံပင်တွေကို တစ်မွှေးချင်းစီ ပြန်စိုက်တော့ operation က ရှစ်နာရီ ကိုးနာရီ ကြာသွားတယ် ထင်ပါတယ်။” လို့ ဆိုပါတယ်။

ဆံပင်သန်ချင်သူတွေအတွက် အတွေ့အကြုံတွေ ဝေမျှပေးသွားမယ့် အကြောင်း Russell က ခုလို ရှင်းပြပါတယ်။“ကျွန်တော်က မရှက်ဘူးပေါ့နော်။ ကျွန်တော့်လိုပဲ ဆံပင်သန်ချင်တဲ့သူတွေ ဆံပင်စိုက်ချင်တဲ့သူတွေ လုပ်ချင်ကြမှာပဲဆိုပြီး အချင်းချင်း လမ်းပြတဲ့ အနေနဲ့ share ပေးတာပါ။ နောက်လည်း Blog လေးလုပ်ပြီး ခေါင်းဘယ်လိုလျှော်ရတယ် စိုက်ထားတဲ့ ဆံပင်ကို ဘယ်လိုသန့်ရှင်းရေး လုပ်ရတယ်ဆိုတာ ပြောပြပေးသွားမှာပါ။ ပိုက်ဆံ သိန်း (၁၀၀) ကျော်လောက် ကုန်ထားတာ ဆိုတော့လေ။ ဘန်ကောက်မှာပါ။ Million Hair Treatment Centre မှာပါ။” ဆိုပြီး ဆေးခန်းနာမည်ကို ပြောပြပေးသွားပါတယ်။

Advertisement
အေျဖကိုသိဖို႔ ပံုကိုႏွိပ္ပါ
Read >>  ပုရိသတုိ ့ ရင္​ခုန္​​ေအာင္​လုပ္​လိုက္​တဲ့ ႏြယ္​ႏြယ္​ထြန္​းရဲ႕​ေရ​ေအာက္​ထဲက ဗီဒီယို

ဆံပင်စိုက်ခြင်းရဲ့ side effects တွေကိုတော့ Russell က ခုလို ပြောပြပါတယ်။“ဆံပင်စိုက်တာက ၁၀၀ ရာခိုင်နှုန်း အာမခံချက် ရှိတယ်။ ဒါပေမဲ့ ဆံပင်စိုက်တာကြောင့် သောက်ရတဲ့ ဆေးတွေက စိတ်ဓာတ်ကျတာတို့ စိတ်ခံစားမှု ပြင်းတာတို့ ဖြစ်တတ်တယ်။ အပူအရမ်းခံလို့ မရဘူး။ ကိုယ်ထိန်းသိမ်းနိုင်ရင် ထိန်းသိမ်းသလို အာမခံချက် ရှိပါတယ်။” လို့ ဆိုပါတယ်။

ဆန္ဒပြင်းပြနေတာကြောင့် ကိစ္စအဝဝကို တစ်ယောက်တည်း စီမံနိုင်ခဲ့ကြောင်း Russell က ခုလို ပြောပြပါတယ်။“သူငယ်ချင်းတွေ ပြောင်ကြီး ပြောင်ကြီးလို့ စနေရာကနေ အခုတော့ ပြောရဲတော့မှာ မဟုတ်ဘူး။ အဓိကကတော့ အလုပ်လုပ်ချင်လို့ပါ။ စိတ်သန့်သန့်လေးနဲ့ အလုပ်လုပ်ချင်ပါတယ်။ တစ်ယောက်တည်း လေယာဉ်ကိစ္စရော ဆရာဝန်နဲ့ စကားပြောတာရော အကုန်လုံး လုပ်ခဲ့တာပါ။ လုပ်ချင်စိတ် ပြင်းပြနေတော့ တစ်ယောက်တည်း အကုန်စီမံပြီး ဟိုမှာ တစ်ပတ်ဆယ်ရက်လောက် နေခဲ့တာပါ။” ဆိုပြီး ဖြေကြားပေးသွားခဲ့ပါတယ်။

Advertisement

အေျဖကိုသိဖို႔ ပံုကိုႏွိပ္ပါ