ဒီလွ်ိဳ႕၀ွက္ခ်က္(၃)ခုက သင့္ကို လူခ်စ္လူခင္မ်ားတဲ့သူတစ္ေယာက္ ျဖစ္ေစမွာပါ

Advertisement

အေျဖကိုသိဖို႔ ပံုကိုႏွိပ္ပါ

zawgyi

သင့္ပတ္၀န္းက်င္မွာ ရုပ္ရည္ေခ်ာေမာ လွပေနတာေၾကာင့္ မဟုတ္ဘဲ၊ လူခ်စ္လူခင္မ်ားျပီး ဆြဲေဆာင္မႈရွိေနတဲ့ သူေလးေတြကို ေတြ႕ဖူးမွာပါ။ ျပီးေတာ့ သူတို႕ေလးေတြဘာေၾကာင့္ အဲ့ဒီလိုဆြဲေဆာင္မႈ ရွိေနတာလဲ၊ လူခ်စ္လူခင္မ်ားေနရတာလဲဆိုတာကိုလည္း သိခ်င္မယ္ ထင္ပါတယ္။ ကဲ သူတို႕ေလးေတြရဲ႕ လွ်ိဳ႕၀ွက္ခ်က္ေလးေတြက ရိုးစင္းျပီး (၃)ခ်က္တည္းရွိတာမို႕အခုပဲဖတ္ၾကည့္လိုက္ေတာ့ေနာ္။

 

(၁) အေကာင္းျမင္အေတြးအေခၚရွိတယ္

အေကာင္းျမင္အေတြးအေခၚရွိတာက မ်က္နွာမွာအၾကည္ဓာတ္ကိုျဖစ္ေပၚေစျပီး အဲ့ဒါက ေဘးကလူေတြဆီကိုပါကူးစက္ေစနိုင္ပါတယ္။ အၾကည္ဓာတ္ရွိတဲ့သူေဘးနားေရာက္သြားရင္ စိတ္ထဲမွာေနသာထိုင္သာရွိေနျပီး ေကာင္းမြန္တဲ့ခံစားခ်က္ကိုရရွိနိုင္တာေၾကာင့္ လူခ်စ္လူခင္မ်ားေနတာမဆန္းပါဘူး။

(၂) အနွစ္သာရရွိတဲ့ အေၾကာင္းအရာေတြေျပာတတ္တယ္

 

အဓိပၸါယ္မရွိတဲ့အတင္းအဖ်င္းစကားေတြပဲတစ္ခ်ိန္လံုးေျပာေနတတ္တဲ့သူနားမွာ ဘယ္သူမွမေနခ်င္ပါဘူး။ လူခ်စ္လူခင္မ်ားတဲ့သူေလးေတြဟာ စကားေျပာတဲ့အခါ လူေတြခ်စ္ေအာင္တမင္လုုပ္ယူျပီးေျပာတာမ်ိဳးမဟုတ္ဘဲ၊ အဓိပၸါယ္ရွိတဲ့အေၾကာင္းအရာေလးေတြ၊ အနွစ္သာရရွိတဲ့စကားေလးေတြကို ေျပာတတ္ၾကပါတယ္။ သူနဲ႕စကားေျပာတဲ့အခါ အခ်ိန္ကုန္ရံုသက္သက္မဟုတ္ဘဲ သိစရာမွတ္စရာေလးေတြရတဲ့သူမ်ိဳးေပါ့။

(၃) တစ္ဖက္သားရဲ႕နာမည္ကိုသံုးျပီးစကားေျပာတတ္တယ္

ဆြဲေဆာင္မႈရွိျပီး၊ လူခ်စ္လူခင္မ်ားတဲ့သူတစ္ေယာက္ရဲ႕ လွ်ိဳ႕၀ွက္ခ်က္တစ္ခုက တစ္ၾကိမ္၊နွစ္ၾကိမ္ပဲေတြ႕ဖူးတဲ့သူရဲ႕နာမည္ကိုေတာင္မွတ္မိနိုင္ျပီး စကားေျပာရင္ တစ္ဖက္သားရဲ႕နာမည္ကိုတေလးတစားနဲ႕ထည့္ေျပာတတ္တာပါ။ စိတ္ပညာရွင္ေတြရဲ႕ေလ့လာမႈေတြအရ လူေတြက သူတို႕နာမည္ကို တခုတ္တရထည့္ေျပာတာကိုသေဘာေတြ႕ၾကတယ္လို႕ဆိုပါတယ္။ ဒီေတာ့ တစ္ဖက္သားရဲ႕နာမည္ကိုတေလးတစားထည့္ေျပာတတ္တဲ့သူေတြကို လူေတြခ်စ္ခင္ၾကတာေပါ့။

 

 

__________________________________________________________________________

unicode

သင့်ပတ်ဝန်းကျင်မှာ ရုပ်ရည်ချောမော လှပနေတာကြောင့် မဟုတ်ဘဲ၊ လူချစ်လူခင်များပြီး ဆွဲဆောင်မှုရှိနေတဲ့ သူလေးတွေကို တွေ့ဖူးမှာပါ။ ပြီးတော့ သူတို့လေးတွေဘာကြောင့် အဲ့ဒီလိုဆွဲဆောင်မှု ရှိနေတာလဲ၊ လူချစ်လူခင်များနေရတာလဲဆိုတာကိုလည်း သိချင်မယ် ထင်ပါတယ်။ ကဲ သူတို့လေးတွေရဲ့ လျှို့ဝှက်ချက်လေးတွေက ရိုးစင်းပြီး (၃)ချက်တည်းရှိတာမို့အခုပဲဖတ်ကြည့်လိုက်တော့နော်။

Read >>  စက္တင္ဘာဖြားေတြရဲ႕ ေမြးရာပါအားသာခ်က္နဲ႔ ထူးၿခားတဲ့ အရည္အေသြး (၁၀) ခု

(၁) အကောင်းမြင်အတွေးအခေါ်ရှိတယ်
အကောင်းမြင်အတွေးအခေါ်ရှိတာက မျက်နှာမှာအကြည်ဓာတ်ကိုဖြစ်ပေါ်စေပြီး အဲ့ဒါက ဘေးကလူတွေဆီကိုပါကူးစက်စေနိုင်ပါတယ်။ အကြည်ဓာတ်ရှိတဲ့သူဘေးနားရောက်သွားရင် စိတ်ထဲမှာနေသာထိုင်သာရှိနေပြီး ကောင်းမွန်တဲ့ခံစားချက်ကိုရရှိနိုင်တာကြောင့် လူချစ်လူခင်များနေတာမဆန်းပါဘူး။

(၂) အနှစ်သာရရှိတဲ့ အကြောင်းအရာတွေပြောတတ်တယ်

အဓိပ္ပါယ်မရှိတဲ့အတင်းအဖျင်းစကားတွေပဲတစ်ချိန်လုံးပြောနေတတ်တဲ့သူနားမှာ ဘယ်သူမှမနေချင်ပါဘူး။ လူချစ်လူခင်များတဲ့သူလေးတွေဟာ စကားပြောတဲ့အခါ လူတွေချစ်အောင်တမင်လုပ်ယူပြီးပြောတာမျိုးမဟုတ်ဘဲ၊ အဓိပ္ပါယ်ရှိတဲ့အကြောင်းအရာလေးတွေ၊ အနှစ်သာရရှိတဲ့စကားလေးတွေကို ပြောတတ်ကြပါတယ်။ သူနဲ့စကားပြောတဲ့အခါ အချိန်ကုန်ရုံသက်သက်မဟုတ်ဘဲ သိစရာမှတ်စရာလေးတွေရတဲ့သူမျိုးပေါ့။

Advertisement
အေျဖကိုသိဖို႔ ပံုကိုႏွိပ္ပါ

(၃) တစ်ဖက်သားရဲ့နာမည်ကိုသုံးပြီးစကားပြောတတ်တယ်
ဆွဲဆောင်မှုရှိပြီး၊ လူချစ်လူခင်များတဲ့သူတစ်ယောက်ရဲ့ လျှို့ဝှက်ချက်တစ်ခုက တစ်ကြိမ်၊နှစ်ကြိမ်ပဲတွေ့ဖူးတဲ့သူရဲ့နာမည်ကိုတောင်မှတ်မိနိုင်ပြီး စကားပြောရင် တစ်ဖက်သားရဲ့နာမည်ကိုတလေးတစားနဲ့ထည့်ပြောတတ်တာပါ။ စိတ်ပညာရှင်တွေရဲ့လေ့လာမှုတွေအရ လူတွေက သူတို့နာမည်ကို တခုတ်တရထည့်ပြောတာကိုသဘောတွေ့ကြတယ်လို့ဆိုပါတယ်။ ဒီတော့ တစ်ဖက်သားရဲ့နာမည်ကိုတလေးတစားထည့်ပြောတတ်တဲ့သူတွေကို လူတွေချစ်ခင်ကြတာပေါ့။

 

Advertisement

အေျဖကိုသိဖို႔ ပံုကိုႏွိပ္ပါ