ကမ္ဘာ့အမျိုးသားလူဦးရေ (၁၆)သန်းဟာ မွန်ဂိုဘုရင်ဂျင်ဂျစ်ခန် သွေးနှောကြောင်း သိရ

December 9, 2018 admin 0

(၁၃)ရာစုကနေ (၁၄)ရာစုအတွင်းရှိခဲ့တဲ့ မွန်ဂိုအင်ပါယာဟာ ကမ္ဘာ့သမိုင်းမှာ သိမ်းပိုက်နယ်မြေတွေအချင်းချင်း ထိစပ်နေတဲ့ အကြီးမားဆုံးအင်ပါယာကြီးတစ်ခုဖြစ်ပါတယ်။ အင်ပါယာထူထောင်သူခေါင်းဆောင် ဂျင်ဂျစ်ခန်ဟာ မယားပေါင်းများစွာယူပြီး ကလေးတွေ အမြောက်အမြားမွေးခဲ့သူလည်း ဖြစ်ပါတယ်။  (၂၀၁၃)မှာပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသားဦးရေ(၁၆)သန်းဟာ ဂျင်ဂျစ်ခန်က ဆင်းသက်လာတဲ့ သားစဉ်မြေးဆက်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ thevintagenews ဒီထက်ပိုပြီး အံ့သြစရာကောင်းတာတစ်ခုက ယခင်မွန်ဂိုအင်ပါယာထဲမှာ […]

မူးယစ်ဘုရင် Pablo Escobar ရဲ့စိတ်ဝင်စားဖို့ဖွယ်ကောင်းတဲ့ အချက် (၈) ချက်

December 9, 2018 admin 0

Pablo Escobar (ပါဘလို အက်စ်ကိုဘာ) သေဆုံးတာအခုဆို ရာစုနှစ်(၂)စု၊ နှစ်(၂၀) ကျော်လောက်တောင်ရှိနေပေမယ့်လည်း Pablo Escobar ဆိုတာနဲ့ လူသိနေဆဲပါပဲ။ ဝတ္ထုတွေ၊ စာစောင်တွေ နဲ့ ဂျာနယ်တွေ၊ သီချင်းတွေထဲမှာတောင် သူ့ကြောင်းနဲ့သူ့ပုံတွေ ပလူပျံတဲ့အထိ Pablo Escobar ဆိုတာ ကျောဇောနေတုန်းသူတစ်ယောက်ပါ။ Business Insider Pablo Escobar ကို ဒီဇင်ဘာ (၁) ရက်နေ့ (၁၉၄၉) […]

ကမ္ဘာ့အချောဆုံး အကျဉ်းသားမို့ ကြော်ငြာရိုက်ကူးဖို့ ခန ပြန်လွှတ်ပေးခဲ့ရ

December 6, 2018 admin 0

ကမ္ဘာ့အချောဆုံးအကျဉ်းသားအဖြစ်သတ်မှတ်ခံထားရတဲ့JeremyMeeksဟာကြော်ငြာရိုက်ကူးဖို့အတွက်အကျဉ်းဌာနတာဝန်ရှိသူတွေက နာရီပိုင်းမျှ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ Meeks ဟာ အမေရိကန်နိုင်ငံမှာ ဖမ်းဆီးခံထားရပြီး၊ ကြော်ငြာရိုက်ဖို့အတွက် ဗြိတိန်ကို လေယာဉ်နဲ့ သွားရောက်ခွင့် ရခဲ့တယ်လို့ သိရပါတယ်။ Meeks ဟာ အမေရိကန်လေကြောင်းလိုင်းနဲ့ ဟီးသရိုးလေဆိပ်ကို ရဲအစောင့်အရှောက်နဲ့ဆိုက်ရောက်လာခဲ့ပြီး၊သူနဲ့အတူ မန်နေဂျာ Jim Jordan၊ ဇနီးဖြစ်သူ Melissa တို့လည်း […]

သေရွာမှ အံ့အားသင့်ဖွယ် ပြန်ရှင်လာသူ ပုဂ္ဂိုလ်(၁၀)ဦးအကြောင်း

November 30, 2018 admin 0

သေရွာမှ ပြန်ရှင်လာသူပုဂ္ဂိုလ်တွေဆိုတော့ စာဖတ်သူတွေ နဝေတိမ်းတောင်ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ အချို့ ဆန်းကြယ်တဲ့ဖြစ်ရပ်တွေဟာ မယုံကြည်နိုင်လောက်အောင် ထူးဆန်းကြပါတယ်။ တကယ်သေသွားပြီးလို့ ထင်မှတ် ကြပေမယ့်တကယ်မသေဘဲ မျောနေကြတာဖြစ်ပါတယ်။ အခုဖော်ပြမယ့် ပုဂ္ဂိုလ်တွေရဲ့အကြောင်းအရာတွေကလည်း စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ ၁။ အခေါင်းထဲမှ ထပြီး စားသောက်ဖို့ပြင်ဆင်တဲ့ တရုတ်အဘွားအို သေသူတစ်ယောက်အနေနဲ့ အခေါင်းထဲကနေထပြီး […]

အံ့ဖွယ်ရာ ထူးထူးခြားခြား လိင်အင်္ဂါပိုင်ဆိုင်ထားကြသူများ

November 30, 2018 admin 0

ကမ္ဘာပေါ်မှာ အခြားသူတွေနဲ့ မတူညီတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် ကိုယ်လက်အင်္ဂါ ထူးခြားစွာ ဖြစ်နေတဲ့သူတွေ ရှိပါတယ်။ ဒါကို ဆေးပညာအရ ရှားပါးမျိုးဗီဇဆိုင်ရာ လက္ခဏာတွေလို့ ခေါ်ဆိုပါတယ်။ ဒီလို မျိုးဗီဇဆိုင်ရာ ရှားပါအဖြစ်အပျက်တွေအနက်မှ လိင်အင်္ဂါနဲ့ပတ်သက်တဲ့ ထူးခြားလက္ခဏာပိုင်ရှင်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ (၁) Zara Richardson Zara ဆိုတဲ့ အမျိုးသမီးကတော့ ထူးခြားပြီး၊ ကုသဖို့ ခက်ခဲတဲ့ Genital Arousal […]

ငွေအများကြီး ရှာဖွေနိုင်ခဲ့တဲ့ သမိုင်းထဲက လူထူးဆန်း ဆပ်ကပ်အကျော်အမော်များ

November 6, 2018 admin 0

ဆေးပညာရပ်ပိုင်းဆိုင်ရာ အများကြီး ဖွံ့ဖြိုးတိုးတက်မှု မရှိချိန်တုန်းက ခေါင်းနှစ်လုံးပါတဲ့လူတို့၊ အမြှီးထွက်နေတဲ့လူတို့ဟာ လူထူးဆန်းတွေပါဘဲ။ ဒါကြောင့် အဲဒီလို လူထူးဆန်းတွေကို ရုံသွင်းပြသတဲ့သူတွေဟာ ငွေအမြောက်အများ ရှာဖွေနိုင်ခဲ့ကြ ပြီး ကာယကံရှင်တွေကိုယ်တိုင်လည်း ငွေကြေးချမ်းသာသူတွေ ဖြစ်ခဲ့ကြပါတယ်။   တကယ်တော့ ဒါဟာ Deformity သို့မဟုတ် dysmorphism လို့ခေါ်တဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း/ကမောက်ကမ ဖြစ်ခြင်းရောဂါလက္ခဏာတွေပါဘဲ။ ဒါကို ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက ကောင်းကောင်း သိပေမယ့် လူထုထဲမှာတော့ အလွန်ထူးဆန်းနေပါတယ်။ […]

အပြင်မှာ တကယ်ရှိတယ်လို့တောင် ယုံနိုင်ဖွယ်ရာ မရှိတဲ့ လူထူးလူဆန်း အမျိုးသမီးများ

October 28, 2018 admin 0

အခုခေတ်မှာ တွေ့နေရတဲ့ အမျိုးသမီးတွေကို ကြည့်လိုက်ရင် အသွင်သဏ္ဍာန်တွေက သာမန်လောက်ပါပဲ။ အရပ်ရှည်သူ၊ ပုသူ၊ ချောသူ၊ ရုပ်ဆိုးသူတွေ ရှိမှာဖြစ်ပေမယ့် ယေဘူယျ ခြုံကြည့်ရင်တော့ အားလုံးဟာ သိပ်ပြီး မထူးခြားလှပါဘူး။ ဒါပေမယ့် ကမ္ဘာကြီးဟာ အံ့သြစရာကောင်းပါတယ်။ သာမန်ထက် ပိုပြီး လွန်လွန်ကဲကဲ ထိုးထွက်ထူးကဲနေတဲ့ အမျိုးသမီးတွေကိုလည်း ဖန်တီးပေးတတ်ပါတယ်။ […]

(၂၀၁၈)ရဲ့ တောရိုင်းတိရိစ္ဆာန် ဓာတ်ပုံဆု ရရှိသွားခဲ့တဲ့ (၁၀)နှစ်သား ဓာတ်ပုံဆရာလေး

October 25, 2018 admin 0

  ဗြိတိန်ရဲ့ သဘာဝ သမိုင်းပြတိုက်ကနေ ဦးစီးပြီး နှစ်စဉ်ကျင်းပတဲ့ (၂၀၁၈) ခုနှစ် တောရိုင်းတိရိစ္ဆာန် ဓာတ်ပုံပြိုင်ပွဲမှာတော့ ဘယ်သူမှ ထင်မှတ်မထားတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒါကတော့ အသက် (၁၀) နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ်လေး အာ့ရှ်ဒိ ပဲဖြစ်ပြီး သူ့ရဲ့ ဓာတ်ပုံကို (၂၀၁၈) ရဲ့ […]

လမ်းဘေးမှာ ကုန်စိမ်းရောင်းခဲ့ပြီး ဆင်းရဲသားတွေအတွက် ဆေးရုံဆောက်ပေးခဲ့ သူ

October 25, 2018 admin 0

  လမ်းဘေးမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ ကုန်စိမ်းသည် တစ်ယောက်က ဆေးရုံကြီးတစ်ရုံဆောက်ပေးနိုင်ခဲ့တယ် ဆိုရင် ယုံကြမလား မသိဘူး။ မယုံနိုင်စရာကောင်းပေမယ့် သူ့ရဲ့အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အမျိုးသမီးကြီးတစ်ဦး အိန္ဒိယမှာ ရှိနေပါတယ်။ သူမနာမည်က ဆပ်ဘ်ဟာစီနီမစ်စ်ထရီ(subhashini mistry) ဖြစ်ပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ Hanspukur ဆိုတဲ့ရွာမှာနေထိုင်သူပါ။ သူမကြောင့် ဒီရွာဟာ […]

တစ်ကမ္ဘာလုံး အင်တာနက်အခမဲ့သုံးလိုရနိုင်အောင် လမ်းဖွင့်ပေးမယ့်သူ- Elon Musk

October 20, 2018 admin 0

  သိပ္ပွံပညာရှင်ကြီး Elon Musk ဟာ The Space X ဒုံးပျံကုမ္ပဏီကြီးတစ်ခုလုံးကို ထောက်ပံ့ကြီးကြပ်နေသူဖြစ်ပြီး ရေဒါဂြိုဟ်တုတစ်လုံးလွှတ်တင်နိုင်မယ့် နည်းဗျူဟာတွေအကြောင်းကို သူက ပြောဆိုနေပါတယ်။ Musk နည်းဗျူဟာရဲ့ အစိတ်အပိုင်းများဖြစ်ကြသော ဂြိုဟ်တု ( ၂ )လုံးအတွက် နောက်ထပ်အပို ဒုံးပျံသယ်ထိပ်ဖူးတစ်ခုရှိပါတယ်။ လုပ်ငန်းစီမံချက်ကို Starlink […]